စိတ္တရကျေးရွာမှ အသတ်ခံရသည့်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးသမီးတစ်ဦးအတွက် တရားမျှတမှုရလိုကြောင်း မိသားစုဝင်များတောင်းဆို
နီမင်းထွန်း
နိရဉ္စရာ၊ ဒီဇင်ဘာ ၁၄/၂၀၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စိတ္တရကျေးရွာမှ အသတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦးတို့အတွက် တရားမျှတမှုရလိုကြောင်း မိသားစုဝင်များက တောင်းဆိုခဲ့သည်။
သေဆုံးသွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်မသန်းဌေးက “အဲဒီနေ့က အိမ်ထဲကို သေနတ်ပစ်ပြီးဝင်လာတယ်။ တစ်ယောက်မှမပြေးနဲ့ပြောတယ်။ ကျမယောကျာ်း နောက်စေ့ကို သေနတ်တစ်ချက်ပစ်တယ်။ ပြီးရင် သေနတ်ဒင်နဲ့ မသေမချင်းထုသတ်တယ်။ ခေါင်းတစ်ခေါင်းလုံး ပြိုသွားတယ်။ ကျမကိုလည်း အိမ်ထဲကထွက်လာရင်ပစ်မယ်လို့ပြောတယ်။ ကျမယောကျာ်းမှာ ဘာအပြစ်မှမရှိဘူး။ ရွာမှာအုပ်ချုပ်ရေးမှူးလုပ်နေတာပါ။ ဒီအတွက် တရားမျှတမှူကို လိုချင်တယ်။ သူတို့ စစ်သားတွေလုပ်ခဲ့တာကို တာဝန်ယူဖြေရှင်းပေးစေချင်တယ်။ အပြစ် ကျူးလွန်ထားတဲ့သူတို့ကို နိုင်ငံတော်က အပြစ်ပေးစေချင်ပါတယ်။” ဟု ပြောသည်။
သေဆုံးသွားသူမှာ စိတ္တရကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်း(၄၂)နှစ်နှင့် ဒေါ်ဖြူဖြူဝင်း(၃၉)နှစ်တို့ဖြစ်သည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် စိတ္တရကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်ပစ်ခတ်ဝင်ရောက်လာပြီးနောက် အုပ်ချုပ်ရေးမှူးနေအိမ်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ၏ခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ကာ သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခဲ့သည့်အတွက် သေဆုံးခဲ့သည့်အပြင် အိမ်နီးချင်းဖြစ်သူ ဒေါ်ဖြူဖြူဝင်း (၃၉)နှစ်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်၍ ကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသွားသည့် ဒေါ်ဖြူဖြူဝင်း၏ ဖခင်ဖြစ်သူ ဦးကျော်နုက “ စစ်သားတွေဖမ်းတဲ့အခါ ကျနော်ပါတယ်။ စစ်သားတွေက သေနတ်နဲ့ပစ်တဲ့အခါ ကျနော်သေပြီထင်လို့ ကျနော့်သမီးက အိပ်ရာက ထလို့ငိုတာ။ ဒီမိန်းမဘာဖြစ်နေတာလဲဆိုပြီး ပစ်တာ။ ကျနော် အနားမှာရှိတယ်။ အပြင်က ၄ ယောက်ကျန်လိုက်တဲ့ထဲက စစ်သားနှစ်ယောက်က ပစ်တာ။ ကျနော်မြင်တယ်။”ဟု ပြောသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း စိတ္တရကျေးရွာတွင် တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး အုပ်ချုပ်ရေးမှူးနှင့်အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ကြားသိရဟု နိရဉ္စရာသို့ ပြောသည်။
"မြန်မာတပ်မတော်ဟာ မြန်မာနိုင်ငံဥပဒေနဲ့အညီ တည်ရှိနေတဲ့ တပ်မတော်ကြီးတစ်ရပ်အနေနဲ့ အရပ်သားတွေအပေါ် ဒီလို မလုပ်သင့်ဘူး။ အပြစ်ရှိတယ်ဆိုရင်လည်း တရားဥပဒေနဲ့အညီ ဆောင်ရွက်သင့်တယ်။ ဒီလိုလုပ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်ရာရောက်တယ်။"ဟု ဦးလှသိန်းအောင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီအပါအ၀င် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ၀င်းဇော်ဦးကို နိရဉ္စရာသတင်းဌာနက ယနေ့ မွန်းလွဲပိုင်းအထိ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို အမှုဖွင့်ပေးရန်အတွက် မိသားစုဝင်များက မင်းပြားမြို့နယ်ရဲစခန်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ထံလည်း စာရေးသား တိုင်ကြားထားသည်ဟုလည်း သိရသည်။
သေဆုံးသွားသူများ၏ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် မင်းပြားမြို့မ သုဿာန်၌ ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။
===========================
Unicode -
စိတ္တရကျေးရွာမှ အသတ်ခံရသည့်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးသမီးတစ်ဦးအတွက် တရားမျှတမှုရလိုကြောင်း မိသားစုဝင်များတောင်းဆို
နီမင်းထွန်း
နိရဉ္စရာ၊ ဒီဇင်ဘာ ၁၄/၂၀၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စိတ္တရကျေးရွာမှ အသတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦးတို့အတွက် တရားမျှတမှုရလိုကြောင်း မိသားစုဝင်များက တောင်းဆိုခဲ့သည်။
သေဆုံးသွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်မသန်းဌေးက “အဲဒီနေ့က အိမ်ထဲကို သေနတ်ပစ်ပြီးဝင်လာတယ်။ တစ်ယောက်မှမပြေးနဲ့ပြောတယ်။ ကျမယောကျာ်း နောက်စေ့ကို သေနတ်တစ်ချက်ပစ်တယ်။ ပြီးရင် သေနတ်ဒင်နဲ့ မသေမချင်းထုသတ်တယ်။ ခေါင်းတစ်ခေါင်းလုံး ပြိုသွားတယ်။ ကျမကိုလည်း အိမ်ထဲကထွက်လာရင်ပစ်မယ်လို့ပြောတယ်။ ကျမယောကျာ်းမှာ ဘာအပြစ်မှမရှိဘူး။ ရွာမှာအုပ်ချုပ်ရေးမှူးလုပ်နေတာပါ။ ဒီအတွက် တရားမျှတမှူကို လိုချင်တယ်။ သူတို့ စစ်သားတွေလုပ်ခဲ့တာကို တာဝန်ယူဖြေရှင်းပေးစေချင်တယ်။ အပြစ် ကျူးလွန်ထားတဲ့သူတို့ကို နိုင်ငံတော်က အပြစ်ပေးစေချင်ပါတယ်။” ဟု ပြောသည်။
သေဆုံးသွားသူမှာ စိတ္တရကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း(၄၂)နှစ်နှင့် ဒေါ်ဖြူဖြူဝင်း(၃၉)နှစ်တို့ဖြစ်သည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် စိတ္တရကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်ပစ်ခတ်ဝင်ရောက်လာပြီးနောက် အုပ်ချုပ်ရေးမှူးနေအိမ်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ၏ခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ကာ သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခဲ့သည့်အတွက် သေဆုံးခဲ့သည့်အပြင် အိမ်နီးချင်းဖြစ်သူ ဒေါ်ဖြူဖြူဝင်း (၃၉)နှစ်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်၍ ကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသွားသည့် ဒေါ်ဖြူဖြူဝင်း၏ ဖခင်ဖြစ်သူ ဦးကျော်နုက “ စစ်သားတွေဖမ်းတဲ့အခါ ကျနော်ပါတယ်။ စစ်သားတွေက သေနတ်နဲ့ပစ်တဲ့အခါ ကျနော်သေပြီထင်လို့ ကျနော့်သမီးက အိပ်ရာက ထလို့ငိုတာ။ ဒီမိန်းမဘာဖြစ်နေတာလဲဆိုပြီး ပစ်တာ။ ကျနော် အနားမှာရှိတယ်။ အပြင်က ၄ ယောက်ကျန်လိုက်တဲ့ထဲက စစ်သားနှစ်ယောက်က ပစ်တာ။ ကျနော်မြင်တယ်။”ဟု ပြောသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း စိတ္တရကျေးရွာတွင် တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး အုပ်ချုပ်ရေးမှူးနှင့်အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ကြားသိရဟု နိရဉ္စရာသို့ ပြောသည်။
"မြန်မာတပ်မတော်ဟာ မြန်မာနိုင်ငံဥပဒေနဲ့အညီ တည်ရှိနေတဲ့ တပ်မတော်ကြီးတစ်ရပ်အနေနဲ့ အရပ်သားတွေအပေါ် ဒီလို မလုပ်သင့်ဘူး။ အပြစ်ရှိတယ်ဆိုရင်လည်း တရားဥပဒေနဲ့အညီ ဆောင်ရွက်သင့်တယ်။ ဒီလိုလုပ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်ရာရောက်တယ်။"ဟု ဦးလှသိန်းအောင်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီအပါအဝင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို နိရဉ္စရာသတင်းဌာနက ယနေ့ မွန်းလွဲပိုင်းအထိ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို အမှုဖွင့်ပေးရန်အတွက် မိသားစုဝင်များက မင်းပြားမြို့နယ်ရဲစခန်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ထံလည်း စာရေးသား တိုင်ကြားထားသည်ဟုလည်း သိရသည်။
သေဆုံးသွားသူများ၏ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် မင်းပြားမြို့မ သုဿာန်၌ ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။
No comments:
Post a Comment