AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္၏ ဇနီးကို ျမန္မာႏုိင္ငံသို႔ လႊဲေျပာင္းေပးမည့္ အစီအစဥ္ လတ္တေလာတြင္ ပ်က္ျပယ္
ရခိုင္လက္နက္ကိုင္အဖြဲ႔ တစ္ဖြဲ႔ျဖစ္သည္ AA အဖြဲ႔၏ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ ဇနီး ႏွင္းေဇာ္ျဖဴႏွင့္ ကေလးႏွစ္ဦးကို ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕နယ္၊ လူ၀င္မႈႀကီးၾကပ္ေရးဌာနတြင္ ဖမ္းဆီးခဲ့ၿပီး ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးမည့္ အစီအစဥ္ လတ္တေလာ ပ်က္ျပယ္သြားေၾကာင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္မွာ တာ၀န္ရိွသူတစ္ဦးထံမွ သိရသည္။
ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ ဇနီးႏွင့္ ကေလးႏွစ္ဦးကို ခ်င္းမိုင္ လူ၀င္မႈႀကီးၾကပ္ေရးရံုး၌ ဒီဇင္ဘာ ၄ ရက္က ဖမ္းဆီးခဲ့ျခင္း ျဖစ္ၿပီး ယေန႔ ဒီဇင္ဘာ ၆ ရက္ ေန႔လယ္ပိုင္းက ျမန္မာ အာဏာပိုင္မ်ားထံ တာခ်ီလိတ္မွတစ္ဆင့္ ျပန္လည္လႊဲေျပာင္းေပးရန္ စီစဥ္ ထားေသာ္လည္း ယခုကဲ့သို႔ ပ်က္ျပယ္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။
“အခုပဲ ကြ်န္ေတာ္ဆက္သြယ္ေမးျမန္းၾကည့္လိုက္တဲ့ အခါက်ေတာ့ လြဲေျပာင္းေပးဖို႔လာတဲ့ ခရီးစဥ္ ပ်က္သြားတယ္တဲ့။ တာခ်ီ လိတ္ ေလဆိပ္မွာ သြားႀကိဳတဲ့ စရဖတို႔ ရဲအရာရွိတို႔လည္း ဒီေန႔လြဲေျပာင္းေပးမယ္ထင္ၿပီး သြားႀကိဳေနတာကေန ခရီးစဥ္ပ်က္ သြားလို႔ အခုပဲ ျပန္လာေနၿပီလို႔ေျပာတယ္။ ဘယ္ေန႔ လြဲေျပာင္းေပးအပ္မလဲ ဆိုတာကို ေနာက္မွ ျပန္ေျပာေပး မယ္ေလ။ ကြ်န္ ေတာ္လည္း ဒီေလာက္ပဲသိရေသးတယ္” ဟု အဆိုပါ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ေျပာသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သတင္းမီဒီယာမ်ားကလည္း ေဖာ္ျပထားၾကေသာ္လည္း AA ႏွင့္ သက္ဆုိင္ရာ တာ၀န္ရွိသူမ်ားထံ အတည္ျပဳခ်က္ရရွိရန္ ဆက္သြယ္ေနေသာ္လည္း ဆက္သြယ္၍ မရေပ။
ထြန္းျမတ္ႏိုင္၏ ဇနီး ေဒၚႏွင္းေဇာ္ျဖဴ၊ ၁၁ ႏွစ္အရြယ္သမီးႏွင့္ ၁၁ လသားအရြယ္ ရင္၀ယ္ပိုက္သားတို႔ကို ဖမ္းဆီးထားျခင္း ျဖစ္ ၿပီး AA စစ္ဦးစီးခ်ဳပ္ ထြန္းျမတ္ႏုိင္၏ ညီမျဖစ္သူ မမိုးႏွင္းျဖဴႏွင့္ ေယာက္ဖျဖစ္သူ ကိုေက်ာ္ႏိုင္တို႔ကိုလည္း အၾကမ္းဖက္မႈ တိုက္ဖ်က္ ေရး ဥပေဒ ပုဒ္မ - ၅၂ (က)ျဖင့္ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံး၌ စစ္ေဆးခံေနရလ်က္ရွိေၾကာင္း သိရသည္။
Unicode Version
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးမည့် အစီအစဉ် ပျက်ပြယ်
------— ဒါးဇ(အကုန်သိသတင်းဌာန) —------
ရခိုင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည် AA အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး နှင်းဇော်ဖြူနှင့် ကလေးနှစ်ဦးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည့် အစီအစဉ် လတ်တလော ပျက်ပြယ်သွားကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးနှင့် ကလေးနှစ်ဦးကို ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးရုံး၌ ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက မြန်မာ အာဏာပိုင်များထံ တာချီလိတ်မှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးရန် စီစဉ် ထားသော်လည်း ယခုကဲ့သို့ ပျက်ပြယ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“အခုပဲ ကျွန်တော်ဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့ အခါကျတော့ လွဲပြောင်းပေးဖို့လာတဲ့ ခရီးစဉ် ပျက်သွားတယ်တဲ့။ တာချီ လိတ် လေဆိပ်မှာ သွားကြိုတဲ့ စရဖတို့ ရဲအရာရှိတို့လည်း ဒီနေ့လွဲပြောင်းပေးမယ်ထင်ပြီး သွားကြိုနေတာကနေ ခရီးစဉ်ပျက် သွားလို့ အခုပဲ ပြန်လာနေပြီလို့ပြောတယ်။ ဘယ်နေ့ လွဲပြောင်းပေးအပ်မလဲ ဆိုတာကို နောက်မှ ပြန်ပြောပေး မယ်လေ။ ကျွန် တော်လည်း ဒီလောက်ပဲသိရသေးတယ်” ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမီဒီယာများကလည်း ဖော်ပြထားကြသော်လည်း AA နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အတည်ပြုချက်ရရှိရန် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရပေ။
ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇော်ဖြူ၊ ၁၁ နှစ်အရွယ်သမီးနှင့် ၁၁ လသားအရွယ် ရင်ဝယ်ပိုက်သားတို့ကို ဖမ်းဆီးထားခြင်း ဖြစ် ပြီး AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ - ၅၂ (က)ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံး၌ စစ်ဆေးခံနေရလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment