ရွက်ထွင်းပိုး ကျတာ ကြုံဖူးတဲ့ တောင်သူတွေ ရှိလား?
အရွက်နဲ့ အသီးကို ဖျက်ဆီးတဲ့ ဒီပိုးကို ဘယ်လိုနှိမ်နင်းမလဲ ဆိုတာ အောက်မှာ ကြည့်ရအောင်။
-
ခရမ်းချဉ် အရွက်လည်းထွင်း၊ အသီးလည်းဖောက်တဲ့ တူတာ ခရမ်းချဉ် ရွက်ထွင်းပိုး (Tuta Absoluta)ခရမ်းချဉ် အရွက်လည်းထွင်း၊ အသီးလည်းဖောက်တဲ့ တူတာ ခရမ်းချဉ် ရွက်ထွင်းပိုး (Tuta Absoluta)
-
တူတာ ခရမ်းချဉ် ရွက်ထွင်းပိုး မြန်မာ နိုင်ငံ သို့ စတင်ကူးစက် ပြန့်နှံလာပြီ ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်း၊ မန္တလေး တိုင်းဒေသကြီး တို့တွင် ဆိုးရွာစွာ ကျရောက်ပြန့်နှံ့နေပြီဖြစ်ပါတယ်။ ပုံမှန်ရွက်ထွင်းပိုးနှင့် မတူသောအချက်မှာ ပုံမှန်ရွက်ထွင်းပိုးလက္ခဏာမှာအရွက်ပေါ်တွင်ပိုးကောင် ခြစ်ယူစားသောက်ထား သောလမ်းကြောင်းပေါ်နေပြီး တူတာရွက်ထွင်းပိုးမှာ အရွက်ပေါ်တွင် ကြီးမားသိသာထင်ရှားသော အကွက်များ မှ တစ်ရွက်လုံးထိ ဖျက်ဆီးစားသောက်သည်။ အသီးထိပင် ဖျက်ဆီးသောပိုးဖြစ်သည်။
ကျရာက်မူ အခြေအနေတူတာရွက်ထွင်းပိုးသည် ခရမ်းချဉ်နှင့် ခရမ်းချဉ်မျိုးရင်းဝင်အပင်များတွင် အဓိက ကျရောက်ပြီး ထိရောက်စွာ မနှိမ်နှင်းနိုင်ပါက အထွက်နူန်း ၅၀% မှ ၁၀၀% ထိ ထိခိုက်ဖျက်ဆီးနိုင်သော ပိုးဖြစ်သည်။ အပင်၏ အစိတ်အပိုင်း အားလုံးတွင် ဆိုးဝါးဆိုးဝါးပြင်းထန်စွာ ကျရောက်ဖျက်ဆီးပြီး မျိုးပွားမူနူန်း အလွန်မြန်သဖြင့်နှိမ်နင်းရန်ခက်ခဲသော ပိုးဖြစ်သည်။ ပျိုးပင်ဘဝမှ စတင်ကာ အပင်သက်တမ်းဆုံးသည်ထိ ကျရောက်နိုင်သည်။
မျိုးဆက်ပြန့်ပွားမူတစ်နှစ်လျှင် ၁၀-၁၂ ဆက်ထိ မျိုးပွားနိုင်ပါတယ်။ မိတ်လိုက်ပြီး ၁- ၂ ရက်ဝန်းကျင် တွင် ဥ စဖြစ်ပြီးအမတစ်ကောင်လျှင် ဥ ၂၆၀ ထက်ဥနိုင်ပါသည်။ ဘဝစက်ဝန်း ကြာ ချိန်မှာ ရာသီဥတု ပေါ်မူတည် ပြီး ၂၄ ရက် မှ ၃၈ ရက်ထိရှိနိုင်သည်။၂၆ဒီဂရီစင်တီဂရိတ်မှ ၃၀ဒီဂရီစင်တီဂရိတ် တွင်ပေါက်ဖွားနူန်းပိုမြန်သည်။
ဥ အဆင့်တူတာ ရွက်ထွင်းပိုး ၏ ဥ သည် အများအားဖြင် ဘဲဥ ပုံ သဏ္ဌာန် ရှိပြိး နို့ နှစ်ရောင်မှ အဝါ ရောင်ဖျောဖျော့ထိ ရှိနိုင် သန္ဓေ စဖြစ်မည်ဆိုပါက ဥ သည်မဲနက်လာသည်။
ပိုးတုံးလုံးအဆင့်လောက်ကောင်သည် စားသောက်သည့် အစားအသောက်ပေါ်မူတည်ပြီး စိမ်းဖန့်ဖန့် ရောင်မှ ပန်းရောင်ဖျော့ဖျော့ ရှိသည်။ ပိုးတုံးလုံး ကောင်မှာလောက်ကောင်ထက် အရောင်ပိုဖျော့သည်။လောက်ကောင်သည် အရွက်၊ အညွန့်နှင့် အသီးတို့ကို ဖျက်ဆီး စားသောက်သည်။
ရုပ်ဖုံးအဆင့်ရုပ်ဖုံးကောင်အဆင့်ကို အရွက်မှထွက်၍ ပိုးအိမ်ပြုလုပ်ကာ အရွက်သို့ဟုတ်မြေကြီးပေါ် တွင် ပြုလုပ်ကြသည်။ အရွက်နှင့်အသီးထဲရှိ ပိုးကောင်များမှာ ပိုးဥအိမ်မပြုလုပ်ပါ။ပိုးကောင်သည်အစိမ်းရောင်မှအညိုရောင် ကောင်ကြီးဖြစ်ခါနီးတွင် တဖြည်းဖြည်းအနက်ရောင်သို့ပြောင်းသွားသည်။
အရွယ်ရောက်ကောင်အရွယ်ရောက်ပြီးကောင်သည် ၁ စင်တီမီတာခန့်ရှည့်လျားပြီး မီးခိုးရောင်ဖျော့ဖျော့အကြေးခွံ ရှိသည်ရာသီဥတု အခြေအနေများပေါ်မူတည်ကာ မီးခိုးရောင်ဖျော့ဖျော့မှ မီးခိုးရောင်ရင့်ရင့် ကို လှည့်ပတ်ပြောင်းလဲနေတတ်သည်။
လောက်ကောင်များ၏ ဖျက်ဆီးမူ အခြေအနေလောက်ကောင်သည် အရွက်၏ နှစ်လွှာကြားရှိ အစိမ်းရောင်အသားကို ခြစ်ယူစားသောက်သည်။ တူတာရွက်ထွင်းပိုးမှာ အရွက်ပေါ်တွင် ကြီးမားသိသာထင်ရှားသော အကွက်များ မှ တစ်ရွက်လုံးထိ ဖျက်ဆီးစားသောက်သည်။
ပုံသဏ္ဌာန် မမှန်သော လမ်းကြောင်းများ သည် အစာချက်လုပ်မူကို ဆိုးဝါးစွာ ထိခိုက်စေပြီး ရောဂါ ဝင်ရောက်မူကိုလဲ လျှင်မြန်စွာ ဖြစ်ပေါ်စေသည်။ အသီးနုမှရင့်မှည့်ချိန်ထိ စားသောက်ဖျက်ဆီးပစ်တတ်ကြသည်။ အပေါက်ငယ်လေးများ အသီးများ ပုံ သဏ္ဌာန် မမှန်ခြင်း များ ဖြစ်ပေါ်ပြီးလောက်ကောင်များသည် အသီးထဲထိဝင်ရောက်စားသောက်သည်။အချိန်မတိုင်မီ အသီးကြွေခြင်းဖြစ်ပေါ်နိုင်ပြီး ခရမ်းချဉ် အထွက်နူန်းကိုဆိုးဝါး စွာ ထိခိုက်စေသည်။
ဘက်စုံ ဖျက်ပိုးများကာကွယ်နှိမ်နင်းခြင်း
- သီးနှံစိုက်ကွင်းနှင့်ပိုး၏ နောက်ခံ အကြောင်းအရင်းများကို စစ်ဆေးရမည်။-သီးလှည့်စိုက်ပျိုးရမည်။-ပုလဲ(နိုက်ထရိုဂျင်)မြေသြဇာလွန်ကဲစွာအသုံးပြုမူကိုရှောင်ရှားရမည်။
- မရွှေ့စိုက်မီ ကော်စေးထောင်ချောက်များ၊ ဟော်မုန်းထောင်ချောက်များအသုံးပြု၍ စစ်ဆေးရမည်။-စိုက်ခင်းအခြေအနေပြောင်းလဲမူရှိမရှိအမြဲစစ်ဆေးပါ။-အရွက်၊အသီး၊အညွန့်၊ပင်စည်များတွင် ပုံ သဏ္ဌာန် မမှန်သော လက္ခဏာ များ ရှိမရှိ အမြဲ စစ်ဆေးပါ။
- ကပ်ခွာ ထောင်ချောက်များ အသုံးပြု၍ အရွယ်ရောက်ကောင်ရှိမရှိ အမြဲ စစ်ဆေးပါ။အကောင်ရေ ကျရောက်မူ များပါ ကပ်ခွာထောင်ချောက်အရေအတွက်တိုးထားပါ။
- အခြေအနေ ဆိုးဝါးစွာ ဖြစ်ပေါ်လာမှ ပိုးသတ်ဆေးအားမကိုးပါနှင့် ကြိုတင်ကာကွယ်သော နည်းလမ်းကိုအသုံးပြုပါ။
- တမာကဲ့သို့ သဘာဝဆေးများအသုံးပြု၍ နှိမ်နှင်းနိုင်ပါသည်။-ရောဂါရအသီးနှင့်အရွက်များကိုဖယ်ရှား ဖျက်ဆီးပစ်ခြင်း။
- ပိုမွှားခိုအောင်းနိုင်သောပေါင်းမြက်များရှင်းလင်းပေးခြင်း။
- မီးထောင်ချောက်များ ဆွဲဆောင်မှု ရှိသောဟိုမုန်းများ အသုံးပြု၍ ပိုးထောင်ချောက်များထားရှိခြင်း။ဓာတုဆေးဝါးဖြင့် နှိမ်နင်းခြင်းAbamatin(အဘာမက်တင်)Emamectin Benzoate(အီမာမက်တင်ဘန်ဇိုအိတ်)Indoxacarb(အင်ဒိုဇာကပ်)Flubendiamide(ဖလူဘန်ဒိုင်ယာမိုက်)Chlorantranilipole(ကလိုရန်ထရန်နီလီပရိုး) များကိုအလှည့်ကျသုံးစွဲပေးနိုင်ပါသည်။
မှတ်ချက်။ ။တူတာရွက်ထွင်း ပိုးသည် ဓာတုဆေးဝါးများကိုသာ အသုံးပြုနှိမ်နင်း၍မရကြောင်းအထူးသတိပြုစေလိုပါသည်။ ဤပိုးသည် ဘက်ပေါင်းစုံ ဖြေရှင်းသည့်နည်းလမ်းဖြင့်သာ ကာကွယ်နှိမ်နင်းနိုင်ကြောင်း အထူးသတိပြုစေလိုပါသည်။ @fb(အကောင့်လာခဲ့ပါ စိတ်ဝင်စားရင်ပေါ့ ဒီမှာ နိုပ်ပါ👉 MaumgZeRo Page


No comments:
Post a Comment